ထိုင်းထီကို ပေါက်မဲသတ်မှတ်ပြီး ကားရောင်းချတဲ့ မန္တလေးက အမျိုးသား တစ်ဦး ဖမ်းဆီခံရ

မန္တလေးမှာ တရားမဝင် ထိုင်းသုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ မဲဖောက် ရောင်းချနေတဲ့ ချမ်းအေးသာစံမြို့နယ်က အမျိုးသားတစ်ဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးလိုက်တယ် လို့သိရပါတယ်။ ဖမ်းဆီးခံရသူမှာ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ” ရွှေဘုန်း Automobile Channel 1 ” နာမည်နဲ့ ကားမဲလက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ထိုင်းချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူမှာ ကားအမျိုးအစားအလိုက် မဲတမဲကို […]
ကချင်ပြည်နယ်မှ မြို့နယ် ၅ ခု အပါအဝင် တိုင်း/ပြည်နယ် ၉ ခုရှိ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ဆက်လက်ကြေညာ

ကချင်ပြည်နယ် နို၀င်ဘာလ၊ ၁ ရက်၊ ၂၀၂၅ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် အမိန့်အမှတ် (၃/၂၀၂၅) ကို ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်၏ အရေးပေါ်အခြေအနေ သက်တမ်းကို နောက်ထပ် ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်လိုက်သည်။ ယင်းကြေညာချက်တွင် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ စသည့် မြို့နယ် ၅ ခုလည်း ပါဝင်သည်။ ထို့အပြင် ကယားပြည်နယ်ရှိ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်များ၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ၊ ချင်းပြည်နယ်ရှိ မြို့နယ် ၇ ခု၊ […]
အပိုင်း(၂)ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် များတွင် ကချင်ပြည်နယ်က မြို့နယ် (၃)ခုပါဝင်

ကချင်ပြည်နယ် အောက်တိုဘာလ၊ ၃၀ ရက်၊ ၂၀၂၅ အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်(၁၀၀) တွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့ပါဝင်လာသည်။ ကျင်းပပြုလုပ်သွားမည့် ရက်စွဲကို ၂၀၂၆၊ ဇန်နဝါရီလ ၁၁ ရက်နေ့ သတ်မှတ်လိုက်ပြီဖြစ်ပြီး၊ အပိုင်း(၁) ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၅ ဒီဇင်ဘာလ(၂၈) ရက်စွဲတွင် ကချင်ပြည်နယ် မြို့နယ် (၆)ခု ဖြစ်သည့် မြစ်ကြီးနား၊ပူတာအို၊ ခေါင်လန်ဖူး၊ တနိုင်း၊ မိုညင်းနှင့် နောင်မွန်မြို့နယ်ပါဝင်သည်။ ကချင်ပြည်နယ်မြို့နယ် (၁၈) မြို့နယ် ရှိသည့်အနက် ရွေးကောက်ပွဲပြုလုပ်မည့် အပိုင်း(၁) နဲ့ (၂) ရွေးကောက်ပွဲတွင် စုစုပေါင်း မြို့နယ် (၉)ခု ဖြစ်လာသည်။
မြောက်ကိုရီးယားက ပင်လယ်-မြေပြင် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

နိုင်ငံတကာ အောက်တိုဘာ၊ ၂၉ ရက်၊ ၂၀၂၅ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏ ဒုံးပျံအုပ်ချုပ်ရေးဌာန (Missile Administration) သည် အောက်တိုဘာလ ၂၈ ရက် (အင်္ဂါနေ့) က ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်ပင်လယ်ပြင်တွင် ပင်လယ်-မြေပြင် မဟာဗျူဟာမြောက် ခရုစ်ဒုံးပျံများ ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တရားဝင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ယနေ့ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သင်္ဘောပေါ်မှ ပစ်လွှတ်ရန် တိုးတက်ပြောင်းလဲထားသည့် ဤခရုစ်ဒုံးပျံများသည် သတ်မှတ်ထားသော ပစ်မှတ်ကို ဖျက်ဆီးရန်အတွက် အနောက်ပင်လယ်ပြင်အထက်ရှိ ကြိုတင်သတ်မှတ်လမ်းကြောင်းအတိုင်း စက္ကန့် ၇,၈၀၀ ကျော် ပျံသန်းခဲ့သည်ဟု KCNA က ဆိုသည်။ ဒုံးပျံများသည် သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ရန်အတွက် တိုးမြှင့်ပြင်ဆင်ထားသော အမျိုးအစားများဖြစ်ကြောင်းနှင့် ၎င်းတို့သည် […]
ကချင်ပြည်နယ် နေရာအချို့တွင် Mytel အင်တာနက် ပြန်ရ၍ Mytel Sim Card ဈေးနှုန်းများ မြင့်တက်

ကချင်ပြည်နယ် အောက်တိုဘာလ၊ ၂၉ ရက်၊ ၂၀၂၅ ကချင်ပြည်နယ်အတွင်း ရှိအချို့မြို့နယ်များတွင် Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာပြီးနာက် အဆိုပါမြို့နယ်များတွင် Mytel Sim Card များ၏ ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာကြောင်း ဒေသခံဈေးကွက် အခြေအနေများအရ သိရသည်။ လက်ရှိ Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာသည့်မြို့နယ်များမှာ မြစ်ကြီးနား၊ မိုးညှင်းနှင့် ပူတာအိုမြို့နယ်တို့ ဖြစ်ပြီး ယခင်က တစ်ကတ်လျှင် ၇၀၀၀ ခန့်သာရှိခဲ့သည့် Mytel Sim Card သည် လက်ရှိအချိန်တွင် တစ်ကတ်လျှင် ကျပ် ၁၅,၀၀၀ မှ ၂,၀၀၀၀ အထိ ပေးဝယ်ယူနေရကြောင်း မြို့ခံများက ပြောသည်။ Mytel အင်တာနက်လိုင်းများပြန်လည်ရရှိလာသော်လည်း Telegram တစ်ခုတည်းကိုသာ VPN မလိုဘဲ သုံးစွဲနိုင်ပြီး၊ အခြားသော […]
ကရင်မလင်က နျူကလီးယားစွမ်းအင်သုံး ဒုံးပျံ စမ်းသပ်မှုသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်သည်ဟု ပြောကြား

နိုင်ငံတကာ အောက်တိုဘာ၊ ၂၈ ရက်၊ ၂၀၂၅ ရုရှားနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် မတားဆီးနိုင်ဟု အခိုင်အမာဆိုထားသည့် နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းသည် ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန် ရုရှား၏ ဆုံးဖြတ်ချက်ကို ထင်ဟပ် နေကြောင်း ကရင်မလင်နန်းတော် (Kremlin) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်ရန်အတွက် သမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပေးမှုများ တိုးမြှင့်လာပြီးနောက် ဤစမ်းသပ်မှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် ၎င်း၏ “Burevestnik” ဒုံးပျံ ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၄,၀၀၀ (ခန့်မှန်းခြေ မိုင် ၈,၇၀၀) အကွာအဝေးကို ပျံသန်းနိုင်ခဲ့ကြောင်း ရုရှားစစ်ဦးစီးချုပ်က သမ္မတ ပူတင်အား တနင်္ဂနွေနေ့တွင် အစီရင်ခံတင်ပြခဲ့သည်။ အမေရိကန်က ရုရှား၏ […]
မြစ်ကြီးနားမြို့တွင် ညမထွက်ရ အမိန့် ပြန်လည် ထုတ်ပြန်

9-oct-2025 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညမထွက်ရ အမိန့်များကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း မြစ်ကြီးနားမြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့၏ ညမထွက်ရ အမိန့်မှာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်အထိဖြစ်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ […]
ဗန်းမော်တိုက်ပွဲမှာ ကလေးဝနဲ့ မင်းကင်းဘက်ကတက်လာတဲ့ PDF အဖွဲ့ဝင် ၃၀ ကျဆုံး

စက်တင်ဘာ ၊ ၂၇၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကလေးဝ နဲ့ မင်းကင်းမြို့နယ်ဘက်က PDF အဖွဲ့ဝင် ၃၀ ဦးကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ PDF အဖွဲ့ဝင်တွေထဲမှာ ကလေးဝမြို့နယ်အတွင်းက တပ်ခွဲမှူး ရာထူးရှိသူ တစ်ဦး ပါဝင်ပြီး ကလေးဝ- PDF တပ်ဖွဲ့ဝင် ၁၇ ဦး ၊ မင်းကင်းPDF -တပ်ဖွဲ့ဝင် ကိုးဦးနဲ့ ကလေးခရိုင် မင်းကင်း PDF တပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၀ ကျဆုံးခဲ့တာလို့သိရပါတယ်။ ဗန်းမော်တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၆ ရက် ဒီနေ့အထိ တစ်နှစ်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ […]
ရုရှားက အီရန်လေတပ်ကို MiG-29 တိုက်လေယာဥ် ပေးပို့

နိုင်ငံတကာ စက်တင်ဘာ ၂ရ၊ ၂၀၂၅ အီရန်နှင့် အစ္စရေးတို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် ၁၂-ရက်တာ ပဋိပက္ခ၏ တင်းမာမှုများ ဆက်ရှိနေချိန်တွင် ရုရှားနိုင်ငံမှ MiG-29 တိုက်လေယာဉ်များ အီရန်သို့ ရောက်ရှိလာခဲ့ကြောင်း အီရန်လွှတ်တော် အမတ်တစ်ဦးက အင်္ဂါနေ့က ကြေညာခဲ့သည်။ အမျိုးသား လုံခြုံရေး ကော်မတီဝင် အဗ္ဗဒူးလ်ဖဇ်လ် ဇိုရီဗန်ဒ်က MiG-29 လေယာဉ်များသည် ပိုမိုခေတ်မီသည့် ရုရှားထုတ် Sukhoi Su-35 လေယာဉ်များ ရောက်ရှိလာသည့်အချိန်အထိ နိုင်ငံ၏ အိုမင်းရင့်ရော်နေသော လေတပ်၏ စွမ်းရည်ကို ယာယီမြှင့်တင်ပေးမည့် “ရေတိုဖြေရှင်းချက်” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇိုရီဗန်ဒ်က “ဒီစနစ်တွေ ပြည့်စုံစွာ အသက်ဝင်လာရင် ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ ကျွန် တော်တို့ရဲ့ စွမ်းအားကို နားလည်လာကြလိမ့်မယ်” ဟု ပြောကြားကာ၊ ဒေသတွင်းနှင့် […]
ထိုင်ဝမ် အရှေ့ပိုင်း ဟူဝလင်ခရိုင်မှာ ဆူပါ တိုင်ဖွန်း တိုက်ခတ်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၂၄ ဦး ပျောက်ဆုံးနေ

၂၄- စက်တင်ဘာ- ၂၀၂၅ ထိုင်ဝမ်ရဲ့ နာမည်ကြီး ခရီးသွားဇုန်ဖြစ်တဲ့ အရှေ့ပိုင်း ဟူဝလင်ခရိုင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့တစ်မြို့ ရေလွှမ်းမိုးခံရပြီး လူ ၁၄ ဦး သေဆုံးကာ ၁၂၉ ဦး ပျောက်ဆုံးနေပါတယ်။ ဆူပါ တိုင်ဖွန်း ရာဂါစာဟာ တနင်္လာနေ့က စတင်ကာ ထိုင်ဝမ်ကို ရိုက်ခတ်နေပြီး ယခုအခါ တရုတ် တောင်ပိုင်းကမ်းရိုးတန်းနဲ့ ဟောင်ကောင်ကိုပါ တိုက်ခတ်နေပါတယ်။ ထိုင်ဝမ် အရှေ့ပိုင်းဒေသ ဂွမ်ဖူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေဖြစ်ပေါ်ခဲ့သလို ရေလောင်တမံတစ်ခုဟာ အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ အက်ကွဲထွက်ပြီး ရေတံခါးပေါက်ကာ ဂွမ်ဖူမြို့ကို ရေလှိုင်းလုံးကြီး ဝင်ရောက်ခဲ့ပါတယ်။ ရေလှိုင်းတွေဟာ “စူနာမီ” ကဲ့သို့ ရိုက်ခတ်လာခဲ့ကြောင်း ဂွမ်ဖူမြို့ရှိ စာပို့ဝန်ထမ်း ရှီးကျန်တုန်က ပြောကြားခဲ့ပြီး သူကတော့ စာတိုက်ရုံရဲ့ ဒုတိယထပ်ကို […]