ဗန်းမော်တိုက်ပွဲမှာ ကလေးဝနဲ့ မင်းကင်းဘက်ကတက်လာတဲ့ PDF အဖွဲ့ဝင် ၃၀ ကျဆုံး

စက်တင်ဘာ ၊ ၂၇၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကလေးဝ နဲ့ မင်းကင်းမြို့နယ်ဘက်က PDF အဖွဲ့ဝင် ၃၀ ဦးကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ PDF အဖွဲ့ဝင်တွေထဲမှာ ကလေးဝမြို့နယ်အတွင်းက တပ်ခွဲမှူး ရာထူးရှိသူ တစ်ဦး ပါဝင်ပြီး ကလေးဝ- PDF တပ်ဖွဲ့ဝင် ၁၇ ဦး ၊ မင်းကင်းPDF -တပ်ဖွဲ့ဝင် ကိုးဦးနဲ့ ကလေးခရိုင် မင်းကင်း PDF တပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၀ ကျဆုံးခဲ့တာလို့သိရပါတယ်။

ဗန်းမော်တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၆ ရက် ဒီနေ့အထိ တစ်နှစ်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာ ဖြစ်ပြီး အများစုဟာ ဖြစ်သလို ဒဏ်ရာရ ဆေးဝါးကုသမှုခံယူရင်း ကျဆုံးတာလို့ ဆိုပါတယ်။