လန်ဆယ်ဒေသမှာ စစ်တပ်သိမ်းပိုက်ထားတဲ့စခန်းကုန်းကို KIA ကပြန်လည်သိမ်းပိုက်

၂၄-စက်တင်ဘာ-၂၀၂၅ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ ပြည်သူစစ်တို့သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခုကို KIA အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီးလာဟီဆင်နဲ့ လန်ဆယ်ဒေသကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ KIA အဖွဲ့က စခန်းကုန်းကို ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်။ လက်ရှိ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ KIA အဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲသတင်းအသေးစိတ် အခြေအနေကို နှစ်ဘက်လုံးကထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဖားကန့်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

Sep-18-2025 ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၇ရက် ညနေ ၄နာရီခန့်က ကလေးငယ်များကစားနေသည့် နေရာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ (၉)နှစ်အရွယ် ကလေးတဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့‌ ကြောင်း‌သိရသည်။ သေဆုံးသည့်ကလေးငယ်မှာ (၉)နှစ်အရွယ်ရှိ မိန်းက‌လေးငယ်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် အခြားမိန်းကလေးငယ်မှာ ဆေးကုသမှုခံယူ နေကြောင်းသိရသည်။ အင်အား ၁၀၀၀ကျော်ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်မြို့သို့ ဝင်ရောက်လာပြီး (KIA)၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။ လက်ရှိတွင် စစ်ရေးတင်းမာ‌နေသော ကျေးရွာများမှ ဒေသခံများသည် စစ်ကြောင်းသတင်းနားစွင့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

နီပေါနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၇၂ ဦးအထိ မြင့်တက်လာ

နိုင်ငံတကာ 15-sep-2025 ​နီပေါနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ပါတယ်။ နီပေါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၇၂ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။ ​ဆန္ဒပြပွဲတွေဟာ ပထမဆုံးအနေနဲ့ မြို့တော် ခတ္တမန္ဒူမှာ စက်တင်ဘာ ၈ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တခြားမြို့ကြီးတွေဖြစ်တဲ့ ဘာရာ (Bara)၊ ဘိရတ်နဂါး (Biratnagar) နဲ့ ဂျနက်ပူရ် (Janakpur) တို့အထိ ကူးစက်ခဲ့ပါတယ်။ ​ဒီဆန္ဒပြပွဲတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ အစိုးရအဖွဲ့အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုတွေကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေဟာ အစိုးရရဲ့ လျစ်လျူရှုမှု၊ နိုင်ငံရေးသမားတွေရဲ့ […]