မြစ်ကြီးနားမြို့တွင် ညမထွက်ရ အမိန့် ပြန်လည် ထုတ်ပြန်

9-oct-2025

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညမထွက်ရ အမိန့်များကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း မြစ်ကြီးနားမြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့၏ ညမထွက်ရ အမိန့်မှာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်အထိဖြစ်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင် သော နေရာများတွင် စုဝေးခြင်းမပြုလုပ်ရန်၊ မြစ်ကြီးနားမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများကို တားမြစ်ထားသည်။

မြစ်ကြီးနားမြို့နယ်နယ်နိမိတ်အတွင်း အများပြည်သူတို့၏ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူခြင်း၊ ထိုကဲ့သို့ ပြုမူဆောင် ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟုထည့်သွင်းထုတ်ပြန်ထားသည်။

လက်ရှိမြစ်ကြီးနားမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသသည်။