မြစ်ကြီးနားမြို့တွင် ညမထွက်ရ အမိန့် ပြန်လည် ထုတ်ပြန်

9-oct-2025 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညမထွက်ရ အမိန့်များကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း မြစ်ကြီးနားမြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့၏ ညမထွက်ရ အမိန့်မှာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်အထိဖြစ်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ […]