ထိုင်ဝမ်ရဲ့ နာမည်ကြီး ခရီးသွားဇုန်ဖြစ်တဲ့ အရှေ့ပိုင်း ဟူဝလင်ခရိုင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့တစ်မြို့ ရေလွှမ်းမိုးခံရပြီး လူ ၁၄ ဦး သေဆုံးကာ ၁၂၉ ဦး ပျောက်ဆုံးနေပါတယ်။
ဆူပါ တိုင်ဖွန်း ရာဂါစာဟာ တနင်္လာနေ့က စတင်ကာ ထိုင်ဝမ်ကို ရိုက်ခတ်နေပြီး ယခုအခါ တရုတ် တောင်ပိုင်းကမ်းရိုးတန်းနဲ့ ဟောင်ကောင်ကိုပါ တိုက်ခတ်နေပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်းဒေသ ဂွမ်ဖူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေဖြစ်ပေါ်ခဲ့သလို ရေလောင်တမံတစ်ခုဟာ အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ အက်ကွဲထွက်ပြီး ရေတံခါးပေါက်ကာ ဂွမ်ဖူမြို့ကို ရေလှိုင်းလုံးကြီး ဝင်ရောက်ခဲ့ပါတယ်။
ရေလှိုင်းတွေဟာ “စူနာမီ” ကဲ့သို့ ရိုက်ခတ်လာခဲ့ကြောင်း ဂွမ်ဖူမြို့ရှိ စာပို့ဝန်ထမ်း ရှီးကျန်တုန်က ပြောကြားခဲ့ပြီး သူကတော့ စာတိုက်ရုံရဲ့ ဒုတိယထပ်ကို ထွက်ပြေးတက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
သေဆုံးသူနဲဲ့ ပျောက်ဆုံးသူအားလုံးဟာ ဂွမ်ဖူမြို့ကဖြစ်ပြီး ရေစီးနဲ့ အတူ မြစ်ကူးတံတားကြီးတစ်စင်း မျောပါသွားကြောင်း မီးသတ်အရာရှိတွေကပြောကြားခဲ့ပါတယ်။
ဂွမ်းဖူးမြို့နယ်အတွင်းက လူဦးရေ ၁,၀၀၀ ခန့်နေထိုင်တဲ့ ဒါမာကျေးရွာ တစ်ရွာလုံး ရေလွှမ်းမိုးခံခဲ့ရပြီး လူများစွာ အကူအညီမရဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးဝမ်က ပြောကြားခဲ့ပါတယ်။
ကျေးရွာအုပ် ဝမ်က “အခုတော့ ရှုပ်ထွေးနေပြီ။ လက်ရှိအရေးအကြီးဆုံးအလုပ်က လူတွေကို ခိုလှုံရာနေရာများဆီ ဘေးကင်းလုံခြုံစွာ ရောက်အောင်လုပ်ဖို့ပဲ။ ထောက်ပံ့ရေးပစ္စည်းတွေလည်း မရနိုင်သေးဘူး” လို့ ပြောပါတယ်။
“နေရာတိုင်းမှာ ရွှံ့နဲဲ့ ကျောက်တုံးတွေပဲ။ ရေလွှမ်းမှုအချို့ ကျသွားပေမယ့် အချို့ကတော့ ရှိနေဆဲပဲ” လို့ ၎င်းက ဆိုပါတယ်။
အာဏာပိုင် တွေကထိုင်ဝမ်အနှံ့အပြားက ကယ်ဆယ်ရေးအဖွဲ့တွေကို ဘေးသင့်ရာဒေသကို စေလွှတ်ခဲ့ပြီး စစ်တပ်ကလည်း အကူအညီအတွက် စစ်သား ၃၄၀ ကို စေလွှတ်ထားပါတယ်။
လက်ရှိအချိန်မှာ ဂွမ်ဖူးမြို့ထဲမှာရှိ နေတဲ့ပြည်သူတွေကိုတော့ ကယ်ဆယ် ရေးအဖွဲ့တွေက အစားအ သောက်နဲ့ သောက်သုံးရေ လိုက်လံဝေငှနေရပြီး မသန်စွမ်းသူတွေကိုပြောင်းရွှေ့ရန် ကူညီမှုအတွက် လိုအပ်သော အရင်းအမြစ် တွေတော့ လုံ လောက်မှုမရှိသေး ကြောင်း အာဏာပိုင် တွေကပြောပါတယ်။