ထိုင်ဝမ် အရှေ့ပိုင်း ဟူဝလင်ခရိုင်မှာ ဆူပါ တိုင်ဖွန်း တိုက်ခတ်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၂၄ ဦး ပျောက်ဆုံးနေ

၂၄- စက်တင်ဘာ- ၂၀၂၅ ထိုင်ဝမ်ရဲ့ နာမည်ကြီး ခရီးသွားဇုန်ဖြစ်တဲ့ အရှေ့ပိုင်း ဟူဝလင်ခရိုင်မှာ တိုင်ဖွန်းမုန်တိုင်း‌‌တိုက်ခတ်မှုကြောင့် မြို့တစ်မြို့ ရေလွှမ်းမိုးခံရပြီး လူ ၁၄ ဦး သေဆုံးကာ ၁၂၉ ဦး ပျောက်ဆုံးနေပါတယ်။ ဆူပါ တိုင်ဖွန်း ရာဂါစာဟာ တနင်္လာနေ့က စတင်ကာ ထိုင်ဝမ်ကို ရိုက်ခတ်နေပြီး ယခုအခါ တရုတ် တောင်ပိုင်းကမ်းရိုးတန်းနဲ့ ဟောင်ကောင်ကိုပါ တိုက်ခတ်နေပါတယ်။ ထိုင်ဝမ် အရှေ့ပိုင်းဒေသ ဂွမ်ဖူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေဖြစ်ပေါ်ခဲ့သလို ရေလောင်တမံတစ်ခုဟာ အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ အက်ကွဲထွက်ပြီး ရေတံခါးပေါက်ကာ ဂွမ်ဖူမြို့ကို ရေလှိုင်းလုံးကြီး ဝင်ရောက်ခဲ့ပါတယ်။ ရေလှိုင်းတွေဟာ “စူနာမီ” ကဲ့သို့ ရိုက်ခတ်လာခဲ့ကြောင်း ဂွမ်ဖူမြို့ရှိ စာပို့ဝန်ထမ်း ရှီးကျန်တုန်က ပြောကြားခဲ့​ပြီး သူကတော့ စာတိုက်ရုံရဲ့ ​ဒုတိယထပ်ကို […]

လန်ဆယ်ဒေသမှာ စစ်တပ်သိမ်းပိုက်ထားတဲ့စခန်းကုန်းကို KIA ကပြန်လည်သိမ်းပိုက်

၂၄-စက်တင်ဘာ-၂၀၂၅ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ ပြည်သူစစ်တို့သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခုကို KIA အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီးလာဟီဆင်နဲ့ လန်ဆယ်ဒေသကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ KIA အဖွဲ့က စခန်းကုန်းကို ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်။ လက်ရှိ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ KIA အဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲသတင်းအသေးစိတ် အခြေအနေကို နှစ်ဘက်လုံးကထုတ်ပြန်ခြင်းမရှိသေးပါဘူး။