နိုင်ငံတကာ
အောက်တိုဘာ၊ ၂၉ ရက်၊ ၂၀၂၅
ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏ ဒုံးပျံအုပ်ချုပ်ရေးဌာန (Missile Administration) သည် အောက်တိုဘာလ ၂၈ ရက် (အင်္ဂါနေ့) က ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်ပင်လယ်ပြင်တွင် ပင်လယ်-မြေပြင် မဟာဗျူဟာမြောက် ခရုစ်ဒုံးပျံများ ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တရားဝင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ယနေ့ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
သင်္ဘောပေါ်မှ ပစ်လွှတ်ရန် တိုးတက်ပြောင်းလဲထားသည့် ဤခရုစ်ဒုံးပျံများသည် သတ်မှတ်ထားသော ပစ်မှတ်ကို ဖျက်ဆီးရန်အတွက် အနောက်ပင်လယ်ပြင်အထက်ရှိ ကြိုတင်သတ်မှတ်လမ်းကြောင်းအတိုင်း စက္ကန့် ၇,၈၀၀ ကျော် ပျံသန်းခဲ့သည်ဟု KCNA က ဆိုသည်။
ဒုံးပျံများသည် သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ရန်အတွက် တိုးမြှင့်ပြင်ဆင်ထားသော အမျိုးအစားများဖြစ်ကြောင်းနှင့် ၎င်းတို့သည် ၇,၈၀၀ စက္ကန့် (ခန့်မှန်းခြေအားဖြင့် ၂ နာရီကျော်) ကြာ ပျံသန်းခဲ့ပြီးမှ ပစ်မှတ်ကို ထိမှန်ဖျက်ဆီးခဲ့ကြောင်း KCNA သတင်းတွင် ဖော်ပြထားသည်။
Ref;xinhua