မြောက်ကိုရီးယားက ပင်လယ်-မြေပြင် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

နိုင်ငံတကာ အောက်တိုဘာ၊ ၂၉ ရက်၊ ၂၀၂၅ ​ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏ ဒုံးပျံအုပ်ချုပ်ရေးဌာန (Missile Administration) သည် အောက်တိုဘာလ ၂၈ ရက် (အင်္ဂါနေ့) က ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်ပင်လယ်ပြင်တွင် ပင်လယ်-မြေပြင် မဟာဗျူဟာမြောက် ခရုစ်ဒုံးပျံများ ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တရားဝင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ယနေ့ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သင်္ဘောပေါ်မှ ပစ်လွှတ်ရန် တိုးတက်ပြောင်းလဲထားသည့် ဤခရုစ်ဒုံးပျံများသည် သတ်မှတ်ထားသော ပစ်မှတ်ကို ဖျက်ဆီးရန်အတွက် အနောက်ပင်လယ်ပြင်အထက်ရှိ ကြိုတင်သတ်မှတ်လမ်းကြောင်းအတိုင်း စက္ကန့် ၇,၈၀၀ ကျော် ပျံသန်းခဲ့သည်ဟု KCNA က ဆိုသည်။ ဒုံးပျံများသည် သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ရန်အတွက် တိုးမြှင့်ပြင်ဆင်ထားသော အမျိုးအစားများဖြစ်ကြောင်းနှင့် ၎င်းတို့သည် […]

ကချင်ပြည်နယ် နေရာအချို့တွင် Mytel အင်တာနက် ပြန်ရ၍ Mytel Sim Card ဈေးနှုန်းများ မြင့်တက်

ကချင်ပြည်နယ် အောက်တိုဘာလ၊ ၂၉ ရက်၊ ၂၀၂၅ ကချင်ပြည်နယ်အတွင်း ရှိအချို့မြို့နယ်များတွင် Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာပြီးနာက် အဆိုပါမြို့နယ်များတွင် Mytel Sim Card များ၏ ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာကြောင်း ဒေသခံဈေးကွက် အခြေအနေများအရ သိရသည်။ လက်ရှိ Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာသည့်မြို့နယ်များမှာ မြစ်ကြီးနား၊ မိုးညှင်းနှင့် ပူတာအိုမြို့နယ်တို့ ဖြစ်ပြီး ယခင်က တစ်ကတ်လျှင် ၇၀၀၀ ခန့်သာရှိခဲ့သည့် Mytel Sim Card သည် လက်ရှိအချိန်တွင် တစ်ကတ်လျှင် ကျပ် ၁၅,၀၀၀ မှ ၂,၀၀၀၀ အထိ ပေးဝယ်ယူနေရကြောင်း မြို့ခံများက ပြောသည်။ Mytel အင်တာနက်လိုင်းများပြန်လည်ရရှိလာသော်လည်း Telegram တစ်ခုတည်းကိုသာ VPN မလိုဘဲ သုံးစွဲနိုင်ပြီး၊ အခြားသော […]