လန်ဆယ်ဒေသမှာ စစ်တပ်သိမ်းပိုက်ထားတဲ့စခန်းကုန်းကို KIA ကပြန်လည်သိမ်းပိုက်

၂၄-စက်တင်ဘာ-၂၀၂၅

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ ပြည်သူစစ်တို့သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခုကို KIA အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီးလာဟီဆင်နဲ့ လန်ဆယ်ဒေသကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ KIA အဖွဲ့က စခန်းကုန်းကို ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်။

လက်ရှိ လန်ဆယ်ဒေသမှာ စစ်တပ်နဲ့ KIA အဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲသတင်းအသေးစိတ် အခြေအနေကို နှစ်ဘက်လုံးကထုတ်ပြန်ခြင်းမရှိသေးပါဘူး။