ဗန်းမော်တိုက်ပွဲမှာ ကလေးဝနဲ့ မင်းကင်းဘက်ကတက်လာတဲ့ PDF အဖွဲ့ဝင် ၃၀ ကျဆုံး

စက်တင်ဘာ ၊ ၂၇၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကလေးဝ နဲ့ မင်းကင်းမြို့နယ်ဘက်က PDF အဖွဲ့ဝင် ၃၀ ဦးကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ PDF အဖွဲ့ဝင်တွေထဲမှာ ကလေးဝမြို့နယ်အတွင်းက တပ်ခွဲမှူး ရာထူးရှိသူ တစ်ဦး ပါဝင်ပြီး ကလေးဝ- PDF တပ်ဖွဲ့ဝင် ၁၇ ဦး ၊ မင်းကင်းPDF -တပ်ဖွဲ့ဝင် ကိုးဦးနဲ့ ကလေးခရိုင် မင်းကင်း PDF တပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၀ ကျဆုံးခဲ့တာလို့သိရပါတယ်။ ဗန်းမော်တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၆ ရက် ဒီနေ့အထိ တစ်နှစ်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ […]

ရုရှားက အီရန်လေတပ်ကို MiG-29 တိုက်လေယာဥ် ပေးပို့

နိုင်ငံတကာ စက်တင်ဘာ ၂ရ၊ ၂၀၂၅ အီရန်နှင့် အစ္စရေးတို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် ၁၂-ရက်တာ ပဋိပက္ခ၏ တင်းမာမှုများ ဆက်ရှိနေချိန်တွင် ရုရှားနိုင်ငံမှ MiG-29 တိုက်လေယာဉ်များ အီရန်သို့ ရောက်ရှိလာခဲ့ကြောင်း အီရန်လွှတ်တော် အမတ်တစ်ဦးက အင်္ဂါနေ့က ကြေညာခဲ့သည်။ အမျိုးသား လုံခြုံရေး ကော်မတီဝင် အဗ္ဗဒူးလ်ဖဇ်လ် ဇိုရီဗန်ဒ်က MiG-29 လေယာဉ်များသည် ပိုမိုခေတ်မီသည့် ရုရှားထုတ် Sukhoi Su-35 လေယာဉ်များ ရောက်ရှိလာသည့်အချိန်အထိ နိုင်ငံ၏ အိုမင်းရင့်ရော်နေသော လေတပ်၏ စွမ်းရည်ကို ယာယီမြှင့်တင်ပေးမည့် “ရေတိုဖြေရှင်းချက်” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇိုရီဗန်ဒ်က “ဒီစနစ်တွေ ပြည့်စုံစွာ အသက်ဝင်လာရင် ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ ကျွန် တော်တို့ရဲ့ စွမ်းအားကို နားလည်လာကြလိမ့်မယ်” ဟု ပြောကြားကာ၊ ဒေသတွင်းနှင့် […]