ကရင်မလင်က နျူကလီးယားစွမ်းအင်သုံး ဒုံးပျံ စမ်းသပ်မှုသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်သည်ဟု ပြောကြား

နိုင်ငံတကာ အောက်တိုဘာ၊ ၂၈ ရက်၊ ၂၀၂၅ ​ရုရှားနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် မတားဆီးနိုင်ဟု အခိုင်အမာဆိုထားသည့် နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းသည် ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန် ရုရှား၏ ဆုံးဖြတ်ချက်ကို ထင်ဟပ်‌ နေကြောင်း ကရင်မလင်နန်းတော် (Kremlin) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်ရန်အတွက် သမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပေးမှုများ တိုးမြှင့်လာပြီးနောက် ဤစမ်းသပ်မှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ​ရုရှားနိုင်ငံသည် ၎င်း၏ “Burevestnik” ဒုံးပျံ ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၄,၀၀၀ (ခန့်မှန်းခြေ မိုင် ၈,၇၀၀) အကွာအဝေးကို ပျံသန်းနိုင်ခဲ့ကြောင်း ရုရှားစစ်ဦးစီးချုပ်က သမ္မတ ပူတင်အား တနင်္ဂနွေနေ့တွင် အစီရင်ခံတင်ပြခဲ့သည်။ အမေရိကန်က ရုရှား၏ […]