ကချင်ပြည်နယ်မှ မြို့နယ် ၅ ခု အပါအဝင် တိုင်း/ပြည်နယ် ၉ ခုရှိ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ဆက်လက်ကြေညာ

ကချင်ပြည်နယ် နို၀င်ဘာလ၊ ၁ ရက်၊ ၂၀၂၅ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် အမိန့်အမှတ် (၃/၂၀၂၅) ကို ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်၏ အရေးပေါ်အခြေအနေ သက်တမ်းကို နောက်ထပ် ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်လိုက်သည်။ ယင်းကြေညာချက်တွင် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ စသည့် မြို့နယ် ၅ ခုလည်း ပါဝင်သည်။ ​ထို့အပြင် ကယားပြည်နယ်ရှိ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်များ၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ၊ ချင်းပြည်နယ်ရှိ မြို့နယ် ၇ ခု၊ […]