⁨အပိုင်း(၂)ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် များတွင် ကချင်ပြည်နယ်က မြို့နယ် (၃)ခုပါဝင်

ကချင်ပြည်နယ် အောက်တိုဘာလ၊ ၃၀ ရက်၊ ၂၀၂၅ အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်(၁၀၀) တွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့ပါဝင်လာသည်။ ကျင်းပပြုလုပ်သွားမည့် ရက်စွဲကို ၂၀၂၆၊ ဇန်နဝါရီလ ၁၁ ရက်နေ့ သတ်မှတ်လိုက်ပြီဖြစ်ပြီး၊ အပိုင်း(၁) ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၅ ဒီဇင်ဘာလ(၂၈) ရက်စွဲတွင် ကချင်ပြည်နယ် မြို့နယ် (၆)ခု ဖြစ်သည့် မြစ်ကြီးနား၊ပူတာအို၊‌ ခေါင်လန်ဖူး၊ တနိုင်း၊ မိုညင်းနှင့် နောင်မွန်မြို့နယ်ပါဝင်သည်။ ကချင်ပြည်နယ်မြို့နယ် (၁၈) မြို့နယ် ရှိသည့်အနက် ရွေးကောက်ပွဲပြုလုပ်မည့် အပိုင်း(၁) နဲ့ (၂) ရွေးကောက်ပွဲ‌‌တွင် စုစုပေါင်း မြို့နယ် (၉)ခု ဖြစ်လာသည်။