ဖားကန့်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

Sep-18-2025 ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၇ရက် ညနေ ၄နာရီခန့်က ကလေးငယ်များကစားနေသည့် နေရာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ (၉)နှစ်အရွယ် ကလေးတဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ ကြောင်းသိရသည်။ သေဆုံးသည့်ကလေးငယ်မှာ (၉)နှစ်အရွယ်ရှိ မိန်းကလေးငယ်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် အခြားမိန်းကလေးငယ်မှာ ဆေးကုသမှုခံယူ နေကြောင်းသိရသည်။ အင်အား ၁၀၀၀ကျော်ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်မြို့သို့ ဝင်ရောက်လာပြီး (KIA)၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။ လက်ရှိတွင် စစ်ရေးတင်းမာနေသော ကျေးရွာများမှ ဒေသခံများသည် စစ်ကြောင်းသတင်းနားစွင့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။