နီပေါနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၇၂ ဦးအထိ မြင့်တက်လာ

နိုင်ငံတကာ 15-sep-2025 နီပေါနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ပါတယ်။ နီပေါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၇၂ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲတွေဟာ ပထမဆုံးအနေနဲ့ မြို့တော် ခတ္တမန္ဒူမှာ စက်တင်ဘာ ၈ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တခြားမြို့ကြီးတွေဖြစ်တဲ့ ဘာရာ (Bara)၊ ဘိရတ်နဂါး (Biratnagar) နဲ့ ဂျနက်ပူရ် (Janakpur) တို့အထိ ကူးစက်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ အစိုးရအဖွဲ့အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုတွေကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေဟာ အစိုးရရဲ့ လျစ်လျူရှုမှု၊ နိုင်ငံရေးသမားတွေရဲ့ […]